
0
193

For Zawgyi







Rowena.

For Unicode

ဇာတ်လမ်းတွဲ (၁၀) ကား ရိုက်ဖို့ ပိုက်ဆံထုတ်ကြီးနဲ့ စာချုပ်ချုပ် ကမ်းလှမ်းခံရတဲ့ ကျော်ကျော်နန္ဒ

အနုပညာလောကမှာ (၁၀) စုနှစ်စာ ရပ်တည်ခဲ့ပြီးနောက် အခုတဖန် ပြန်လည် ရေပန်းစားနေတဲ့ အဆိုတော်နဲ့ သရုပ်ဆောင် ကျော်ကျော်နန္ဒက သူ့ရဲ့ အများနဲ့ မတူတဲ့ ဖက်ရှင်ကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးသူ ဖြစ်ပါတယ် ။ ကျော်ကျော်နန္ဒက လက်ရှိမှာလည်း အနုပညာ လုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး ” ထိပ်လန့်ခြောက်ခြားဖွယ်ညများ” ဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင်နေရတာ ဖြစ်ပါတယ် ။

ကျော်ကျော်နန္ဒက ရှေ့ဆက်ပြီးလည်း အနုပညာ လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်သွားမှာဖြစ်ပြီး ဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးဖို့ စာချုပ်ချုပ် လက်ခံထားပြီ ဖြစ်ပါတယ် ။ ကျော်ကျော်နန္ဒက နောက်ထပ် ဇာတ်လမ်းတွဲ (၁၀) ကားရိုက်ဖို့ ကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ် ။

ကျော်ကျော်နန္ဒက ” K ထုတ်လုပ်ရေးကို ကျေးဇူးတင်ပါတယ် ဇာတ်လမ်းတွဲ တွေအတွက် ကျနော်ကို ယုံကြည် မူတွေပေးတဲ့အတွက် ကျေးဇူး ဂါဝရပါဗျ အကောင်းဆုံး သရုပ်ဆောင်သွားမှာပါဗျ” ဆိုပြီး ဇာတ်လမ်းတွဲတွေ ရိုက်ကူးတော့မယ့် အကြောင်း ပရိသတ်တွေကို ပြောပြထားပါတယ် ။

ဇာတ်လမ်းတွဲ (၁၀) ကားအတွက် ကျော်ကျော်နန္ဒ ရရှိတဲ့ အနုပညာကြေးတွေကတော့ ပရိသတ်ကြီး မြင်တဲ့အတိုင်း မနည်းမနောပါပဲနော် ။

ကျော်ကျော်နန္ဒကတော့ ရှေ့ဆက်ပြီး အနုပညာ လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်သွားတော့မှာပဲ ဖြစ်ပါတယ် ။ ပရိသတ်ကြီးလည်း ကျော်ကျော်နန္ဒရဲ့ ဗီဒီယို ဇာတ်လမ်းတွဲတွေ ထွက်ရှိလာရင် အားပေးကြပါဦးနော် ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ် ။

Rowena.
Source: Kyaw Kyaw Nanda’s fb