
0
1253

(For Zawgyi)





နေရွှေသွးအောင် က စီးပွားရေး လုပ်ငန်းမှာ အောင်မြင်နေသလို နိုင်ငံခြား သီချင်းတွေကို quality ကောင်းတဲ့ cover songs တွေ ပြန်ဆိုနေတာပဲ ဖြစ်ပါတယ်။


Nanmalgyi

(For Unicode)

ငယ်ဘဝ မိသားစု ပုံရိပ်တွေ ဝေမျလိုက်တဲ့ နေရွှေသွေးအောင်

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ရဲ့ မြေးဖြစ်ပြီး ဖိုးလပြည့်လို့ လူသိများတဲ့ နေရွှေသွေးအောင် က အဖိုး ဖြစ်သူနဲ့ ငယ်ဘဝ ပုံရိပ် အချို့ကို ဖေ့ဘုတ်မှာ တင်လိုက် ပါတယ်။

၁၉၉၁ မေလ ၂၂ ရက်နေ့မှာ မွေးဖွားပြီး အသက် ၂၈ နှစ် ရှိပီဖြစ်တဲ့ ဖိုးလပြည့်ရဲ့ မိဘများကတော့ ဦးနေစိုးမောင် နဲ့ဒေါ်ကြည်ကြည်ဆွေ တို့ပဲ ဖြစ်ပါတယ်။

အဖိုးဖြစ်သူ ဦးသန်းရွှေ ရဲ့ အချစ်ဆုံးမြေး ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်ခါ အချိန်ကာလကို ပြန်လည် လွမ်းဆွတ်တဲ့ အနေနဲ့ အမှတ်တရ ပုံလေးတွေ တင်လိုက်တာဖြစ်ပါတယ်။

အဖိုးဖြစ်သူ ငယ်ရွယ်စဉ် စစ်သား ဘဝတုန်းက ပုံ ၊ ၁၉၈၀ ပြည့်က ပုပ္ပားတောင်ပေါ်မှာ အဖိုးနဲ့ အဖွား အတူတူတွဲ ရိုက်ထားတဲ့ ပုံလေးတွေ အပြင် DSA သင်တန်း ညစာစားပွဲမှာ အဖိုးလက်ကို ဆွဲပြီး အခမ်းအနား တူတူတက်ခဲ့ ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။

နေရွှေသွးအောင် က စီးပွားရေး လုပ်ငန်းမှာ အောင်မြင်နေသလို နိုင်ငံခြား သီချင်းတွေကို quality ကောင်းတဲ့ cover songs တွေ ဆိုနေတာပဲ ဖြစ်ပါတယ်။ နေရွှေသွေးအောင် ရိုက်ကူးခဲ့တဲ့ Do you know? cover song မှာ လွင်မိုး နှင့် သရုပ်ဆောင်များ ပါဝင်ပီး ကြည့်ရှုသူ သိန်းဂဏန်းချီ ရှိနေပြီ ဖြစ်ပါတယ်။

Nanmalgyi