ထူးခၽြန္ထက္ျမတ္တဲ့သူေတြ အခ်စ္ကို ရွာေတြ႕ဖို႔ ခက္ခဲေနတဲ့အခ်က္ (၄) ခ်က္

0
198

( For Zawgyi )

ထူးခၽြန္ထက္ျမက္တဲ့ သူေတြ အခ်စ္ကို ရွာေတြ႕ဖို႔ ခက္ခဲေနတဲ့ အခ်က္ (၄) ခ်က္

ထူးခၽြန္ ထက္ျမက္လြန္းသူ ေတြအတြက္ အခ်စ္က အလြယ္တကူ ေရာက္မလာ တတ္ပါဘူး . . . အခုခ်ိန္ထိ အခ်စ္ကိုရွာလို႔ မေတြ႕ေသးသူေတြ ကိုယ့္ကိုယ္ကိုယ္ ထူးခၽြန္သူ တစ္ေယာက္လို႔ေတာင္ ဆိုႏိုင္ပါတယ္ . . . သူတို႔အတြက္ အခ်စ္ကိုရွာေတြ႕ဖို႔ ဘာျဖစ္လို႔ ခက္ခဲ ေနရသလဲဆိုတာ ပရိသတ္ႀကီး သိႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္ . . .

( ၁ ) စိတ္ကူးယဥ္ ဆန္မႈကို ဦးစားမေပးဘူး

 

ဘ၀မွာ ျဖစ္ခ်င္တဲ့အရာ ၊ ျဖစ္ႏိုင္တဲ့ အခြင့္အလမ္းေတြ အမ်ားအျပား ရွိေနတဲ့အတြက္ ထူးခၽြန္ထက္ျမက္ သူေတြဟာ လက္ေတြ႕က်တဲ့ အေတြးအေခၚကိုပဲ စိတ္၀င္စားတယ္ . . . ရင္ထဲမွာ ျငိမ့္ျငိမ့္ေညာင္းေညာင္း ခံစားေနရမယ့္ စိတ္ကူးယဥ္ဆန္တဲ့ အရာေတြထက္ လက္ေတြ႕ အေကာင္အထည္ ျမင္ရတဲ့ အရာေတြအတြက္ပဲ အားစိုက္ ထုတ္ခ်င္ၾကတဲ့အခါ ႏူးညံ့ သိမ္ေမြ႕တဲ့ အခ်စ္ကို ေတြ႕ဖို႔ ခက္ခဲၾကျခင္း ျဖစ္ပါတယ္ . . .

( ၂ ) အေလးအနက္ ထားလြန္းတယ္

 

အခ်စ္ေၾကာင့္ အရာရာကို ရင္ဆိုင္ ရဲလာတယ္ . . . ရာထူး ၊ ဂုဏ္ျဒပ္ေတြထက္ ခ်စ္တဲ့သူနဲ႔ အတူ ေနရေရးကသာ ပိုၿပီး အေရးႀကီး ေနတာမ်ိဳးပါ . . . ဒီလိုေျပာလို႔ က်န္တဲ့ ဘ၀အတြက္ လိုအပ္တဲ့ ႀကိဳးစား အားထုတ္မႈေတြ မလုပ္ရေတာ့ဘူးလို႔ မဆိုလိုပါဘူး . . .

ဒါေပမယ့္ ထူးခၽြန္ ထက္ျမက္လြန္းသူေတြ က်ေတာ့ ပထမဆံုးေတြ႕တဲ့ Dating မွာေတာင္ ကိုယ့္အသိုင္းအ၀ိုင္းနဲ႔ သင့္ေတာ္ရဲ႕လား ကိုယ့္အေတြးအေခၚ အယူဆေတြနဲ႔ ဥာဏ္ရည္ေတြကို လိုက္မီႏိုင္ပါ့မလား ဆိုတာေတြအထိ စဥ္းစားတဲ့ အတြက္ အခ်စ္ကို ေတြ႕ဖို႔ ခက္ခဲေနၾကျခင္း ျဖစ္ပါတယ္ . . .

( ၃ ) အလွအပထက္ ဦးေႏွာက္ကို ပိုၿပီးဦးစားေပးတယ္

 

ဒီလိုေျပာလို႔ အလွမက္ရင္ ဒုကၡ ေတြ႕တတ္တယ္ဆိုတဲ့ စကားကို ဘယ္နား သြားထားရမလဲ ဆိုတဲ့ ဘုက်က် ေမးခြန္းေတာ့ မေမးေစခ်င္ဘူး . . . ဘာျဖစ္လို႔လဲဆိုေတာ့ အခ်စ္ဆိုတဲ့ အရာက ဦးေႏွာက္နဲ႔ ဆံုးျဖတ္ရတာ မဟုတ္ဘဲ ႏွလံုးသားက ဆံုးျဖတ္ ၊ ဦးေႏွာက္က ခ်င့္ခ်ိန္ ထိန္းညိွေပးရတဲ့ အရာျဖစ္ပါတယ္ . . .

အလွ အပလို႔ဆိုတဲ့ ေနရာမွာ ရုပ္ရည္ အလွကိုပဲ ရည္ညႊန္းတာ မဟုတ္ပါဘူး . . . စိတ္ထားလွတာ ၊ ရိုးသား ႀကိဳးစားတာ ၊ နားမလည္ႏိုင္ဘူး အႀကံ မေပးႏိုင္ဘူး ဆိုရင္ေတာင္ အလိုက္တသိ နားေထာင္ေပးတာ ၊ သည္းခံ ခြင့္လႊတ္ေပးတာ စသျဖင့္ အခ်စ္ရဲ႕ အလွ အပေလးေတြကို မွ်မွ်တတ ခံစားေပးဖို႔ လိုပါတယ္ . . .

ထူးခၽြန္ထက္ျမက္ တဲ့သူေတြက်ေတာ့ အဲ့ဒီလို အခ်စ္ရဲ႕ အလွအပေတြကို မျမင္ႏိုင္ဘဲ ဘယ္ေလာက္ထိ စြမ္းေဆာင္ႏိုင္လဲ ၊ ဘယ္ေလာက္ထိ ဗဟုသုတ ၾကြယ္၀လဲ ၊ ဘယ္ေလာက္ထိ ေတာ္သလဲဆိုၿပီး ႏွလံုးသားနဲ႔ ခံစားဖို႔ထက္ ဦးေႏွာက္ကိုပဲ ဦးစား ေပးေနတဲ့အတြက္ အခ်စ္နဲ႔ ေတြ႕ဖို႔ ခက္ခဲေနျခင္း ျဖစ္ပါတယ္ . . .

( ၄ ) က်ဆံုးျခင္းေတြကို ရင္ဆိုင္ရတဲ့အခါ ဒီအရာေလးေတြနဲ႔ အသစ္တဖန္ ခြန္အားယူပါ…..

 

ဆိုလိုတာကေတာ့ ေတာ္တဲ့သူေတြဟာ ေအာင္ျမင္မႈ တစ္ခု ရရွိၿပီဆိုတာနဲ႔ သူတို႔ရဲ႕ကိုယ္ပိုင္ အားထုတ္မႈ ၊ သူတို႔ရဲ႕ ဥာဏ္ ထက္ျမက္မႈေၾကာင့္သာ ေအာင္ျမင္မႈ ရရွိျခင္းလို႔ သတ္မွတ္ေလ့ ရွိၾကၿပီး ၀ိုင္း၀န္း ပ့ံပိုးေပးသူေတြကို ခ်ီးက်ဴး ဂုဏ္ျပဳရေကာင္းမွန္း မသိၾကပါဘူး . . . ဒီလို ကိုယ့္ကိုယ္ကိုယ္သာ စိတ္ထဲရွိတဲ့ သူတို႔အတြက္ မွ်ေ၀ ခံစားျခင္း ဂုဏ္သတၱိေတြ ျပည့္ေနတဲ့အခ်စ္နဲ႕ ေ၀းေနဦးမွာပါပဲ ။

Myo Myo (auntymay)

( For Unicode )

ထူးချွန်ထက်မြက်တဲ့သူတွေအချစ်ကိုရှာတွေ့ဖို့ ခက်ခဲနေတဲ့အချက်(၄)ချက်

 

ထူးချွန် ထက်မြက်လွန်းသူ တွေအတွက် အချစ်က အလွယ်တကူ ရောက်မလာ တတ်ပါဘူး . . . အခုချိန်ထိ အချစ်ကိုရှာလို့ မတွေ့သေးသူတွေ ကိုယ့်ကိုယ်ကိုယ် ထူးချွန်သူ တစ်ယောက်လို့တောင် ဆိုနိုင်ပါတယ် . . . သူတို့အတွက် အချစ်ကိုရှာတွေ့ဖို့ ဘာဖြစ်လို့ ခက်ခဲ နေရသလဲဆိုတာ ပရိသတ်ကြီး သိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ် . . .

( ၁ ) စိတ်ကူးယဉ်ဆန်မှုကို ဦးစားမပေးဘူး

 

ဘဝမှာ ဖြစ်ချင်တဲ့အရာ ၊ ဖြစ်နိုင်တဲ့ အခွင့်အလမ်းတွေ အများအပြား ရှိနေတဲ့အတွက် ထူးချွန်ထက်မြက် သူတွေဟာ လက်တွေ့ကျတဲ့ အတွေးအခေါ်ကိုပဲ စိတ်ဝင်စားတယ် . . .

ရင်ထဲမှာ ငြိမ့်ငြိမ့်ညောင်းညောင်း ခံစားနေရမယ့် စိတ်ကူးယဉ်ဆန်တဲ့ အရာတွေထက် လက်တွေ့ အကောင်အထည် မြင်ရတဲ့ အရာတွေအတွက်ပဲ အားစိုက် ထုတ်ချင်ကြတဲ့အခါ နူးညံ့ သိမ်မွေ့တဲ့ အချစ်ကို တွေ့ဖို့ ခက်ခဲကြခြင်း ဖြစ်ပါတယ် . . .

( ၂ ) အလေးအနက် ထားလွန်းတယ်

 

အချစ်ကြောင့် အရာရာကို ရင်ဆိုင် ရဲလာတယ် . . . ရာထူး ၊ ဂုဏ်ဒြပ်တွေထက် ချစ်တဲ့သူနဲ့ အတူ နေရရေးကသာ ပိုပြီး အရေးကြီး နေတာမျိုးပါ . . . ဒီလိုပြောလို့ ကျန်တဲ့ ဘဝအတွက် လိုအပ်တဲ့ ကြိုးစား အားထုတ်မှုတွေ မလုပ်ရတော့ဘူးလို့ မဆိုလိုပါဘူး . . .

ဒါပေမယ့် ထူးချွန် ထက်မြက်လွန်းသူတွေ ကျတော့ ပထမဆုံးတွေ့တဲ့ Dating မှာတောင် ကိုယ့်အသိုင်းအဝိုင်းနဲ့ သင့်တော်ရဲ့လား ကိုယ့်အတွေးအခေါ် အယူဆတွေနဲ့ ဉာဏ်ရည်တွေကို လိုက်မီနိုင်ပါ့မလား ဆိုတာတွေအထိ စဉ်းစားတဲ့ အတွက် အချစ်ကို တွေ့ဖို့ ခက်ခဲနေကြခြင်း ဖြစ်ပါတယ် . . .

( ၃ ) အလှအပထက် ဦးနှောက်ကို ပိုပြီးဦးစားပေးတယ်

 

ဒီလိုပြောလို့ အလှမက်ရင် ဒုက္ခ တွေ့တတ်တယ်ဆိုတဲ့ စကားကို ဘယ်နား သွားထားရမလဲ ဆိုတဲ့ ဘုကျကျ မေးခွန်းတော့ မမေးစေချင်ဘူး . . . ဘာဖြစ်လို့လဲဆိုတော့ အချစ်ဆိုတဲ့ အရာက ဦးနှောက်နဲ့ ဆုံးဖြတ်ရတာ မဟုတ်ဘဲ နှလုံးသားက ဆုံးဖြတ် ၊ ဦးနှောက်က ချင့်ချိန် ထိန်းညှိပေးရတဲ့ အရာဖြစ်ပါတယ် . . .

အလှ အပလို့ဆိုတဲ့ နေရာမှာ ရုပ်ရည် အလှကိုပဲ ရည်ညွှန်းတာ မဟုတ်ပါဘူး . . . စိတ်ထားလှတာ ၊ ရိုးသား ကြိုးစားတာ ၊ နားမလည်နိုင်ဘူး အကြံ မပေးနိုင်ဘူး ဆိုရင်တောင် အလိုက်တသိ နားထောင်ပေးတာ ၊ သည်းခံ ခွင့်လွှတ်ပေးတာ စသဖြင့် အချစ်ရဲ့ အလှ အပလေးတွေကို မျှမျှတတ ခံစားပေးဖို့ လိုပါတယ် . . .

ထူးချွန်ထက်မြက် တဲ့သူတွေကျတော့ အဲ့ဒီလိုအချစ်ရဲ့ အလှအပတွေကို မမြင်နိုင်ဘဲ ဘယ်လောက်ထိ စွမ်းဆောင်နိုင်လဲ ၊ ဘယ်လောက်ထိ ဗဟုသုတ ကြွယ်ဝလဲ ၊ ဘယ်လောက်ထိ တော်သလဲဆိုပြီး နှလုံးသားနဲ့ ခံစားဖို့ထက် ဦးနှောက်ကိုပဲ ဦးစား ပေးနေတဲ့အတွက် အချစ်နဲ့ တွေ့ဖို့ ခက်ခဲနေခြင်း ဖြစ်ပါတယ် . . .

( ၄ ) ကျဆုံးခြင်းတွေကို ရင်ဆိုင်ရတဲ့အခါ ဒီအရာလေးတွေနဲ့ အသစ်တဖန် ခွန်အားယူပါ….

 

ဆိုလိုတာကတော့ တော်တဲ့သူတွေဟာ အောင်မြင်မှု တစ်ခု ရရှိပြီဆိုတာနဲ့ သူတို့ရဲ့ကိုယ်ပိုင် အားထုတ်မှု ၊ သူတို့ရဲ့ ဉာဏ် ထက်မြက်မှုကြောင့်သာ အောင်မြင်မှု ရရှိခြင်းလို့ သတ်မှတ်လေ့ ရှိကြပြီး ဝိုင်းဝန်း ပံ့ပိုးပေးသူတွေကို ချီးကျူး ဂုဏ်ပြုရကောင်းမှန်း မသိကြပါဘူး . . . ဒီလို ကိုယ့်ကိုယ်ကိုယ်သာ စိတ်ထဲရှိတဲ့ သူတို့အတွက် မျှေ၀ ခံစားခြင်း ဂုဏ်သတ္တိတွေ ပြည့်နေတဲ့အချစ်နဲ့ ဝေးနေဦးမှာပါပဲ ။

Myo Myo (auntymay)