ခင္ပြန္းက အိမ္ေထာင္ေရး ေဖါက္ျပန္လို႔ မယားငယ္ကုိ သတ္ပစ္လိုက္တဲ့ ေက်ာင္းဆရာမ

0
1139

(Zawgyi)

ခင္ပြန္းက အိမ္ေထာင္ေရး ေဖါက္ျပန္လို႔ မယားငယ္ကုိ သတ္ပစ္လိုက္တဲ့ ေက်ာင္းဆရာမ

ထိုင္းနိုင္ငံ ေျမာက္ပိုင္း လမ္းပန္ျမိဳ ့ အဝတ္အထည္ ဆိုင္ပိုင္ရွင္ သစ္ခ်ဒါ အသက္ ၄၂ ႏွစ္နဲ႔ နိုင္အႏုဝတ္ ၄၅ ႏွစ္ တို႔ဟာ ဆိုင္ေရွ႕မွာ ထိုင္ေနၾကတဲ့ အခ်ိန္ ၉ မမ အတိုနဲ႔ က်ည္ကုန္ ပစ္သတ္ ခံခဲ့ရပါတယ္။

အမ်ိဳးသမီး ကေတာ့ ေနရာမွာတင္ ေသနတ္ ဒဏ္ရာနဲ႔ ေသဆံုးသြား ခဲ့ၿပီး အမ်ိဳးသားအမွာ ဒဏ္ရာျပင္းထန္လို ့ေဆးရံု အေရးေပၚဌာနမွာ အသက္လု ကုသေန ရပါတယ္ ။ ေသဆံုးသူ အမ်ိဳးသမီး သစ္ခ်ဒါ နဲ ့ ႏိုင္အႏုဝတ္ကို ခုလို ပစ္ခတ္ခဲ့သူဟာ ဘယ္မွ ထြက္ေျပးမသြားပဲ အနီးက ကုန္ဆံုဆိုင္မွာ ေသြးေအးေအးနဲ႔ ဘီယာေသာက္ ရင္း သူပစ္ခဲ့တဲ့ သူႏွစ္ဦးကို ၾကည့္ေနပါတယ္ ။

ေသနတ္ကို ေက်ာက္စားပြဲမွာ တင္ျပီး ဘီယာ ႏွစ္ဘူး ေသာက္ေနတဲ့ သူမ အနားကို ဘယ္သူမွ မကပ္ရဲၾကပါဘူး၊ တခ်ိဳ႕လည္း အေ၀းကေန ၀ိုင္းၾကည့္ေန ၾကပါတယ္။

ရဲေတြ ေရာက္လာၾကျပီ အေရးေပၚ ေဆးရံုကားနဲ႔ လူနာေတြ တင္တဲ့အထိ လူသတ္သူဟာ တည္တည္ျငိမ္ျငိမ္နဲ ့ပဲ ရဲေတြ ေရာက္အလာကို ေစာင့္ေနပါတယ္။ လန္းပန္း ျမိဳ ့က အထက္တန္းျပ ေက်ာင္းဆရာမ ပဖါး ၾကိဳင္ဒီ အသက္ ၅၅ ရဲ႕ အနားကို ရဲတပ္ဖြဲ႔ဝင္ေတြ ေရာက္လာၿပီး ၀ိုင္းထားလိုက္ ပါတယ္၊

သူမဟာ ပစ္ခဲ့တဲ့ ၉ မမ ေသနတ္ကို ရဲေတြကို အပ္လိုက္ပါတယ္ ။ ေသနတ္ပိုင္ရွင္က ဒဏ္ရာရၿပီးေဆးရံု ပို႔လိုက္ရတဲ့ သူမရဲ႕ ေယာက္က်ား ျမိဳ႕နယ္ အုပ္ခ်ဳပ္ေရး အရာရွိ ႏိုင္အႏုဝတ္ ရဲ႕ ေသနတ္ပါ ၊

ငယ္လင္ ငယ္မယား ေပါင္းလာခဲ့ၾကတာ မယားငယ္ (ေသဆံုးသူ) နဲ႔ ေတြ႔ေတာ့မွာ တရားဝင္ ကြားရွင္းဖို႔ ေတာင္းဆိုလာတယ္တဲ့ ၊ အိမ္ေထာင္ေရး ေဖါက္ျပန္ရင္ ေက်ာင္းဆရာမ ကေန လူသတ္သမား ျဖစ္သြားရတဲ့ အထိ အပူမီးေတြဟာ ျပင္းလြန္း တယ္ေနာ္ …. ။

SAW

(Unicode)

ခင်ပွန်းက အိမ်ထောင်ရေး ဖေါက်ပြန်လို့ မယားငယ်ကို သတ်ပစ်လိုက်တဲ့ ကျောင်းဆရာမ

ထိုင်းနိုင်ငံ မြောက်ပိုင်း လမ်းပန်မြို့ အဝတ်အထည် ဆိုင်ပိုင်ရှင် သစ်ချဒါ အသက် ၄၂ နှစ်နဲ့ နိုင်အနုဝတ် ၄၅ နှစ် တို့ဟာ ဆိုင်ရှေ့မှာ ထိုင်နေကြတဲ့ အချိန် ၉ မမ အတိုနဲ့ ကျည်ကုန် ပစ်သတ် ခံခဲ့ရပါတယ်။

အမျိုးသမီး ကတော့ နေရာမှာတင် သေနတ် ဒဏ်ရာနဲ့ သေဆုံးသွား ခဲ့ပြီး အမျိုးသားအမှာ ဒဏ်ရာပြင်းထန်လို့ဆေးရုံ အရေးပေါ်ဌာနမှာ အသက်လု ကုသနေ ရပါတယ် ။ သေဆုံးသူ အမျိုးသမီး သစ်ချဒါ နဲ့ နိုင်အနုဝတ်ကို ခုလို ပစ်ခတ်ခဲ့သူဟာ ဘယ်မှ ထွက်ပြေးမသွားပဲ အနီးက ကုန်ဆုံဆိုင်မှာ သွေးအေးအေးနဲ့ ဘီယာသောက် ရင်း သူပစ်ခဲ့တဲ့ သူနှစ်ဦးကို ကြည့်နေပါတယ် ။

သေနတ်ကို ကျောက်စားပွဲမှာ တင်ပြီး ဘီယာ နှစ်ဘူး သောက်နေတဲ့ သူမ အနားကို ဘယ်သူမှ မကပ်ရဲကြပါဘူး၊ တချို့လည်း အဝေးကနေ ဝိုင်းကြည့်နေ ကြပါတယ်။

ရဲတွေ ရောက်လာကြပြီ အရေးပေါ် ဆေးရုံကားနဲ့ လူနာတွေ တင်တဲ့အထိ လူသတ်သူဟာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ရဲတွေ ရောက်အလာကို စောင့်နေပါတယ်။ လန်းပန်း မြို့က အထက်တန်းပြ ကျောင်းဆရာမ ပဖါး ကြိုင်ဒီ အသက် ၅၅ ရဲ့ အနားကို ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ဝိုင်းထားလိုက် ပါတယ်၊

သူမဟာ ပစ်ခဲ့တဲ့ ၉ မမ သေနတ်ကို ရဲတွေကို အပ်လိုက်ပါတယ် ။ သေနတ်ပိုင်ရှင်က ဒဏ်ရာရပြီးဆေးရုံ ပို့လိုက်ရတဲ့ သူမရဲ့ ယောက်ကျား မြို့နယ် အုပ်ချုပ်ရေး အရာရှိ နိုင်အနုဝတ် ရဲ့ သေနတ်ပါ ၊

ငယ်လင် ငယ်မယား ပေါင်းလာခဲ့ကြတာ မယားငယ် (သေဆုံးသူ) နဲ့ တွေ့တော့မှာ တရားဝင် ကွားရှင်းဖို့ တောင်းဆိုလာတယ်တဲ့ ၊ အိမ်ထောင်ရေး ဖေါက်ပြန်ရင် ကျောင်းဆရာမ ကနေ လူသတ်သမား ဖြစ်သွားရတဲ့ အထိ အပူမီးတွေဟာ ပြင်းလွန်း တယ်နော် …. ။

SAW