
0
1670

( For Zawgyi )















( For Unicode )

၁၇ ကြိမ်မြောက် City FM ရဲ့ ဂီတဆုချီးမြှင့်ပွဲမှာတော့ ဂီတဆုပေါင်း (၁၀) ခုကို ထိုက်ထိုက်တန်တန်ဆုချီးမြှင့် …

၁၇ ကြိမ်မြောက် City FM ဆုချီးမြှင့်ပေးပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်ညနေက ရန်ကုန်မြို့ ၊ မင်းဓမ္မလမ်း ပေါ်ရှိ Myanmar Convention Center မှာ ကျင်းပခဲ့ပါတယ် . . . ဒီဆုပေးပွဲမှာ ၂၀၁၈ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး ၊ တောင်းဆိုမှုအများဆုံး ၊ ရေပန်းအစားဆုံး စတဲ့ ဂီတဆုပေါင်း (၁၀) ဆုတို့ကို ထိုက်ထိုက်တန်တန် ချီးမြှင့်ခဲ့ပါတယ် . . . . .

ရောင်းအားအကောင်းဆုံး မြန်မာသံစဉ်တေးစီးရီး သီဆိုသူ အမျိုးသား – ဖိုးသောကြာ (နဂ္ဂနီ)

ရောင်းအားအကောင်းဆုံး မြန်မာသံစဉ်တေးစီးရီး သီဆိုသူ အမျိုးသမီး – ရွှေယမင်းဦး (အလှူကြီးပေးတဲ့အိမ်)

ရောင်းအားအကောင်းဆုံး မြန်မာသံစဉ်တေးစီးရီး ထုတ်လုပ်သူ – ဖိုးသောကြာ (နဂ္ဂနီ)

ရောင်းအားအကောင်းဆုံး စတူဒီယိုတေးစီးရီသီဆိုသူ အမျိုးသား – စိုင်းစိုင်းခမ်းလှိုင် (Sai Sai is Sai Sai)

ရောင်းအားအကောင်းဆုံး စတူဒီယိုတေးစီးရီးသီဆိုသူ အမျိုးသမီး ဆု – အိုင်းရင်းဇင်မာမြင့် (MAR)

ရောင်းအားအကောင်းဆုံး မြန်မာသံစဉ်တေးစီးရီး ထုတ်လုပ်သူ – – စိုင်းစိုင်းခမ်းလှိုင် (Sai Sai is Sai Sai)

သီချင်းတောင်းဆိုခံရမှုအများဆုံး အမျိုးသားတေးသံရှင်ဆု – ရွှေထူး

သီချင်းတောင်းဆိုခံရမှုအများဆုံး အမျိုးသမီးတေးသံရှင်ဆု – နီနီခင်ဇော်

ရေပန်းအစားဆုံး တေးသံရှင်သစ် အမျိုးသားအဆိုရှင်ဆု – ဖိုးပြည့်

ရေပန်းအစားဆုံး တေးသံရှင်သစ် အမျိုးသမီးအဆိုရှင်ဆု – ကေကေမိုး

City FM ရဲ့ ဆုချီးမြှင့်ပွဲကိုတော့ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေကလည်း စောင့်မျှော်ကြည့်ရှုအားပေးကြတာ ဖြစ်ပါတယ် . . . အခုလို ကြီးကျယ် ခမ်းနားတဲ့ ပွဲကြီးကိုလည်း City FM က နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိပါတယ် . . . . .