
0
396

(Zawgyi)





welovecele

(Unicode)

ပရိသတ်တွေကို ကတိပေးထားတဲ့အတိုင်း သူမရဲ့ ဗီဒီယိုပိချိလေးကို တင်ပေးလိုက်တဲ့ ခင်ဝင့်ဝါ

မင်းသမီးချောလေး ခင်ဝင့်ဝါ ကတော့ ပရိသတ်တွေရဲ့ သည်းသည်းလှုပ် ချစ်မြတ် နိုးခြင်း ခံရတဲ့ သူလေးပါ။ အလှမယ် လောကကနေ ပြီးတော့ အနုပညာ လောကကို ဝင်ရောက် လာခဲ့တဲ့ ခင်ဝင့်ဝါ ကတော့ ရုပ်ရှင်ဇာတ်ကား တွေကို လက်ခံ ရိုက်ကူးနေ ရပြီ ဖြစ်ပါတယ် ။ လက်ရှိမှာ ပွဲတွေ ကိုလည်း တက်ရောက် နေပြီးတော့ ပရိသတ်တွေကို အမြဲ လိုလို သူမရဲ့ ပွဲတက် ပုံလေးတွေနဲ့ အသည်းတယားယား ဖြစ်စေခဲ့ သူလေးပါ ။

ဖြူစင်တဲ့ အပြုံး၊ အပြစ်ကင်းတဲ့ မျက်နှာလေး ကလည်း သူမကို ပရိသတ်ကြီးက ပိုချစ် စေတဲ့ အမှတ်အသားလေး တစ်ခု အဖြစ် ရှိနေပါတယ် ။ ခေးလေး ခင်ဝင့်ဝါ ကတော့ သိပ်မကြာ သေးခင် ရက်ပိုင်းကမှ သူမရဲ့ ဗီဒီယို အသေးစားလေးကို ပရိသတ် တွေကို ချပြပေးချင် ပါတယ် လို့ ဆိုလာခဲ့ ပါတယ် ။ ဗီဒီယိုလေးတွေ သိပ်တင်လေ့ မရှိတဲ့ ခင်ဝင့်ဝါ ရဲ့ ဗီဒီယိုလေးကို သူမရဲ့ပရိသတ်ကြီးက မျှော်လင့် တကြီး စောင့်စားခဲ့ ကြတာပါ ။

အခုချိန်မှာတော့ သူမ ပေးထားတဲ့ ကတိအတိုင်း ဗီဒီယို အသေးစားလေးကို တင်ပေး လိုက်ပါပြီ လို့ ခင်ဝင့်ဝါက ဆိုပါတယ် ။ အရမ်းကို ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်ကို ဖမ်းစား နိုင်စွမ်းရှိတဲ့ ဗီဒီယိုလေးကြောင့် ပရိသတ်ကြီးလည်း သူမ အပေါ် အရင်ကထက် အချစ်တွေ ပိုတိုး သွားမယ် လို့ ထင်ပါတယ်နော် ။ ခေးလေးရဲ့ ဗီဒီယိုလေးကို ပရိသတ်ကြီး အတွက် ဖော်ပြပေးလိုက် ပါတယ် ။

welovecele
Video Source – Khin Wint Wah