လယ္သူမ ထမင္းဆိုင္ကို ေဝဖန္သူေတြကို တုန္႔ျပန္လုိက္တဲ့ ေဗလုဝ

0
475

(Zawgyi)

လယ္သူမ ထမင္းဆိုင္ကို ေဝဖန္သူေတြကို တုန္႔ျပန္လုိက္တဲ့ ေဗလုဝ

ျမန္မာ႐ုပ္ရွင္ ခ်စ္ပရိသတ္ေတြ အတြက္ ေဖ်ာ္ေျဖမႈ ရသ ေကာင္းေကာင္း ေပးႏိုင္တဲ့ အကယ္ဒမီ ေဗလုဝ ကေတာ့ အႏုပညာဖက္မွာ ေအာင္ျမင္ခဲ့ သလို လက္ရွိ အသက္အ႐ြယ္ ရလာခ်ိန္ မွာေတာ့ ကိုယ္ပိုင္ စီးပြားေရး လုပ္မယ့္ ဖက္ကို ကူးေျပာင္း ခဲ့တာ ျဖစ္ပါတယ္ ။

ေဗလုဝ ကေတာ့ သူ႔ရဲ႕ စီးပြားေရး အေနျဖင့္ လယ္သူမ လို႔ အမည္ရတဲ့ ျမန္မာ ထမင္းဟင္းဆိုင္ေလးကို တႏိုင္တပိုင္ ဖြင့္ထားတာ ျဖစ္ပါတယ္ ။ ဒါေပမယ့္လည္း တခ်ိဳ႕ကေတာ့ သူ႔ရဲ႕ဆိုင္က ဟင္းလ်ာေတြက ေဈးေတာ္ေတာ္ ႀကီးတယ္ ဆိုၿပီး ေဝဖန္ေန ၾကတာနဲ႔ ပတ္သက္ၿပီး ေဗလုဝ ကေတာ့ ျပန္လည္ ေျဖရွင္း လိုက္တာ ျဖစ္ပါတယ္ ။

ေဗလုဝကေတာ့ 8 Day နဲ႔ အင္တာဗ်ဴးတြင္ ဆိုင္ဖြင့္ျဖစ္တာနဲ႔ ပတ္သက္ၿပီး “ စီးပြားေရး သက္သက္ေတာ့ မဟုတ္ပါဘူး။ ဦးေဗ စိတ္ကူးေလး တခုကို အေကာင္အထည္ ေဖာ္လိုက္တာပါ။ ဒီလို စိတ္ကူးတာကလည္း ၅ ႏွစ္ ၆ ႏွစ္ေလာက္ ရွိပါၿပီ။ ျမန္မာေက်းလက္ ထမင္းဆိုင္ေလး တဆိုင္ေလာက္ ဖြင့္မယ္ ဆိုၿပီးေတာ့ ။ အခုေတာ့ အဲ့ဒါေလးက ဒီဇင္ဘာ ၁၆ ရက္ေန႔က အေကာင္အထည္ ေဖာ္ျဖစ္သြားပါတယ္ ”

ဆိုင္မွာ အဓိက ေရာင္းခ်ေပးတဲ့ အစားအေသာက္ေတြနဲ႔ ပတ္သက္ၿပီး “ အဓိက ကေတာ့ ေက်းလက္ဟင္းေလး တခုျဖစ္တဲ့ လယ္သူမဟင္း ဆိုတာေလး ကေတာ့ အဓိက က်ပါတယ္ ။ က်န္တာေတြ ကေတာ့ ပုံစံ ကြဲေလးေတြ ေပါ့ … ဆိုင္ရဲ႕ အျပင္အဆင္ေရး ကေရာ ဘယ္လို စိတ္ကူးနဲ႔ လုပ္ျဖစ္တာလဲ ဆိုတဲ့အေပၚ “ ဆိုင္ရဲ႕ အျပင္အဆင္ေလး ကေတာ့ ေက်းလက္လို ပုံစံေလးပါပဲ ။ ဗူးစင္ေလးေတြ ဘာေလးေတြ နဲ႔ေပါ့ ။ လာစားတဲ့ သူေတြ အတြက္ စိတ္ၾကည္ႏူးဖို႔ အတြက္ေပါ့။ စိတ္ခ်မ္းသာ မႈလည္း ရမယ္။ စားရတဲ့ သူေတြ အတြက္လည္း စားလို႔ ေကာင္းမယ္ေပါ့ ”

ဟင္းလ်ာရဲ႕ ေဈးႏႈန္းေတြ ကေရာဆိုတဲ့ အေပၚ “ဟင္းလ်ာေတြ ကေတာ့ ႐ိုး႐ိုး သာမန္ ပါပဲ ။ ၃၅၀၀၊ ၄၀၀၀၊ ၄၅၀၀ အဲ့ေလာက္ ပါပဲ ။ ကြၽန္ေတာ္တို႔က ဘာကို အဓိက ထားလဲ ဆိုေတာ့ ရွားပါးတဲ့ အစားအစာေတြ ေပါ့ ။ ဒီလို အခ်ိန္ဆို ေက်းလက္မွာဆို ဖားသား ေလးေတြ ရခဲတယ္။ ရလာတယ္ ဆိုရင္လည္း ခ်က္ေကြၽးတယ္ ။ ဖားသားႀကိဳက္တဲ့ ပရိသတ္ေတြ အတြက္ေပါ့ ”

ဆိုင္ရဲ႕ အေၾကာင္း ေဝဖန္ ေျပာဆို ၾကတာေတြနဲ႔ ပတ္သက္ၿပီး “ ေျပာေနတဲ့ သူေတြ ကေတာ့ ေျပာေနၾက မွာပါပဲ ေလ။ ဘယ္သူ မွလည္း လြတ္မွာ မဟုတ္ပါဘူး။ လူတိုင္းလည္း အေျပာ ခံေနရတာ ပဲေလ။ တကယ္ တတ္တဲ့ သူေတြ ရွိတယ္ ။ ဦးေဗ က်ေတာ့လည္း ကိုယ့္အလုပ္နဲ႔ ကိုယ္မအားဘူးေလ။ မအားေတာ့လည္း ၿပဳံးပဲ ေနလိုက္ ပါတယ္ ”

ဆိုင္ထပ္ဖြင့္ ဖို႔နဲ႔ ပတ္သက္ၿပီး “ အဲ့ဒါက နံနက္စာ အတြက္ပါ။ သူက လယ္သူမ အပ်ိဳစင္ တစ္ အဲ့ဒါက နံနက္ခင္းမွာ ငရံေျခာက္ဖုတ္ ရမယ္ ။ လယ္သူမ မုန႔္ဟင္းခါး ရမယ္ ။ ေရေႏြးၾကမ္း ေကာင္းေကာင္းေလး နဲ႔ေပါ့ ။ တျခားၿမိဳ႕ေတြ မွာေတာ့ မဖြင့္ႏိုင္ေသး ပါဘူး။ မႏိုင္ေသး ဘူးေလ ”

ဇာတ္ကား ႐ိုက္ကူးမႈနဲ႔ ပတ္သက္ၿပီး “ ေဟာေျပာပြဲေတြ ေတာ့ ထြက္ပါတယ္။ ႐ုပ္ရွင္ ဆိုတာကလည္း ငွားမယ့္သူ ရွိမွ ႐ိုက္ရမွာေလ ။ ငွားမယ့္သူ မရွိေတာ့လဲ မ႐ိုက္ရ ဘူးေပါ့ ” ဟု ေျပာၾကား သြားခဲ့ ပါတယ္။

nanmalgyi

(Unicode)

လယ်သူမ ထမင်းဆိုင်ကို ဝေဖန်သူတွေကို တုန့်ပြန်လိုက်တဲ့ ဗေလုဝ

မြန်မာရုပ်ရှင် ချစ်ပရိသတ်တွေ အတွက် ဖျော်ဖြေမှု ရသ ကောင်းကောင်း ပေးနိုင်တဲ့ အကယ်ဒမီ ဗေလုဝ ကတော့ အနုပညာဖက်မှာ အောင်မြင်ခဲ့ သလို လက်ရှိ အသက်အရွယ် ရလာချိန် မှာတော့ ကိုယ်ပိုင် စီးပွားရေး လုပ်မယ့် ဖက်ကို ကူးပြောင်း ခဲ့တာ ဖြစ်ပါတယ် ။

ဗေလုဝ ကတော့ သူ့ရဲ့ စီးပွားရေး အနေဖြင့် လယ်သူမ လို့ အမည်ရတဲ့ မြန်မာ ထမင်းဟင်းဆိုင်လေးကို တနိုင်တပိုင် ဖွင့်ထားတာ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း တချို့ကတော့ သူ့ရဲ့ဆိုင်က ဟင်းလျာတွေက ဈေးတော်တော် ကြီးတယ် ဆိုပြီး ဝေဖန်နေ ကြတာနဲ့ ပတ်သက်ပြီး ဗေလုဝ ကတော့ ပြန်လည် ဖြေရှင်း လိုက်တာ ဖြစ်ပါတယ် ။

ဗေလုဝကတော့ 8 Day နဲ့ အင်တာဗျူးတွင် ဆိုင်ဖွင့်ဖြစ်တာနဲ့ ပတ်သက်ပြီး “ စီးပွားရေး သက်သက်တော့ မဟုတ်ပါဘူး။ ဦးဗေ စိတ်ကူးလေး တခုကို အကောင်အထည် ဖော်လိုက်တာပါ။ ဒီလို စိတ်ကူးတာကလည်း ၅ နှစ် ၆ နှစ်လောက် ရှိပါပြီ။ မြန်မာကျေးလက် ထမင်းဆိုင်လေး တဆိုင်လောက် ဖွင့်မယ် ဆိုပြီးတော့ ။ အခုတော့ အဲ့ဒါလေးက ဒီဇင်ဘာ ၁၆ ရက်နေ့က အကောင်အထည် ဖော်ဖြစ်သွားပါတယ် ”

ဆိုင်မှာ အဓိက ရောင်းချပေးတဲ့ အစားအသောက်တွေနဲ့ ပတ်သက်ပြီး “ အဓိက ကတော့ ကျေးလက်ဟင်းလေး တခုဖြစ်တဲ့ လယ်သူမဟင်း ဆိုတာလေး ကတော့ အဓိက ကျပါတယ် ။ ကျန်တာတွေ ကတော့ ပုံစံ ကွဲလေးတွေ ပေါ့ … ဆိုင်ရဲ့ အပြင်အဆင်ရေး ကရော ဘယ်လို စိတ်ကူးနဲ့ လုပ်ဖြစ်တာလဲ ဆိုတဲ့အပေါ် “ ဆိုင်ရဲ့ အပြင်အဆင်လေး ကတော့ ကျေးလက်လို ပုံစံလေးပါပဲ ။ ဗူးစင်လေးတွေ ဘာလေးတွေ နဲ့ပေါ့ ။ လာစားတဲ့ သူတွေ အတွက် စိတ်ကြည်နူးဖို့ အတွက်ပေါ့။ စိတ်ချမ်းသာ မှုလည်း ရမယ်။ စားရတဲ့ သူတွေ အတွက်လည်း စားလို့ ကောင်းမယ်ပေါ့ ”

ဟင်းလျာရဲ့ ဈေးနှုန်းတွေ ကရောဆိုတဲ့ အပေါ် “ဟင်းလျာတွေ ကတော့ ရိုးရိုး သာမန် ပါပဲ ။ ၃၅၀၀၊ ၄၀၀၀၊ ၄၅၀၀ အဲ့လောက် ပါပဲ ။ ကျွန်တော်တို့က ဘာကို အဓိက ထားလဲ ဆိုတော့ ရှားပါးတဲ့ အစားအစာတွေ ပေါ့ ။ ဒီလို အချိန်ဆို ကျေးလက်မှာဆို ဖားသား လေးတွေ ရခဲတယ်။ ရလာတယ် ဆိုရင်လည်း ချက်ကျွေးတယ် ။ ဖားသားကြိုက်တဲ့ ပရိသတ်တွေ အတွက်ပေါ့ ”

ဆိုင်ရဲ့ အကြောင်း ဝေဖန် ပြောဆို ကြတာတွေနဲ့ ပတ်သက်ပြီး “ ပြောနေတဲ့ သူတွေ ကတော့ ပြောနေကြ မှာပါပဲ လေ။ ဘယ်သူ မှလည်း လွတ်မှာ မဟုတ်ပါဘူး။ လူတိုင်းလည်း အပြော ခံနေရတာ ပဲလေ။ တကယ် တတ်တဲ့ သူတွေ ရှိတယ် ။ ဦးဗေ ကျတော့လည်း ကိုယ့်အလုပ်နဲ့ ကိုယ်မအားဘူးလေ။ မအားတော့လည်း ပြုံးပဲ နေလိုက် ပါတယ် ”

ဆိုင်ထပ်ဖွင့် ဖို့နဲ့ ပတ်သက်ပြီး “ အဲ့ဒါက နံနက်စာ အတွက်ပါ။ သူက လယ်သူမ အပျိုစင် တစ် အဲ့ဒါက နံနက်ခင်းမှာ ငရံခြောက်ဖုတ် ရမယ် ။ လယ်သူမ မုန့်ဟင်းခါး ရမယ် ။ ရေနွေးကြမ်း ကောင်းကောင်းလေး နဲ့ပေါ့ ။ တခြားမြို့တွေ မှာတော့ မဖွင့်နိုင်သေး ပါဘူး။ မနိုင်သေး ဘူးလေ ”

ဇာတ်ကား ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး “ ဟောပြောပွဲတွေ တော့ ထွက်ပါတယ်။ ရုပ်ရှင် ဆိုတာကလည်း ငှားမယ့်သူ ရှိမှ ရိုက်ရမှာလေ ။ ငှားမယ့်သူ မရှိတော့လဲ မရိုက်ရ ဘူးပေါ့ ” ဟု ပြောကြား သွားခဲ့ ပါတယ်။

nanmalgyi