“က်ေနာ္က ဇီဒန္း မရွိခင္ ကတည္းက ရီးရဲကို သေဘာက် ခဲ့တာပါ” #ဟာဇက္

0
199

ခ်ဲဆီး အသင္းရဲ႕ ေတာင္ပံ ကစားသမား ဟာဇက္ ကေတာ့ ရီးရဲ မက္ဒရစ္ နဲ႔ ပတ္သက္ျပီး ေနာက္တစ္ၾကိမ္ ေျပာဆိုမႈေတြ ထပ္မံ ျပဳလုိက္ျပန္ျပီ ျဖစ္ပါတယ္။ တစ္ဆက္တည္းမွာပဲ သူဟာ ဇီဒန္းေၾကာင့္ ရီးရဲကို ႏွစ္သက္ခဲ့တာ မဟုတ္ပဲ ၊ ဇီဒန္း မရွိခင္ ကတည္းက အားေပးခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ျပင္သစ္က ေရဒီယုိ RMC သတင္း ဌာန နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴး မွာေတာ့ ဟာဇက္က “ က်ေနာ့္ အေၾကာင္းကို ျပင္သစ္ကလူေတြက ေကာင္းေကာင္း သိထားျပီးသားပါ ။ က်ေနာ္က ဇီဒန္းေၾကာင့္ ရီးရဲကို အားေပးခဲ့တာ မဟုတ္ပါဘူး ၊ အဲဒီ မတိုင္ခင္ ကတည္းက သေဘာက် ခဲ့တာပါ ။ ဒါေၾကာင့္ ဘာေတြ ဆက္ျဖစ္လာမလဲ ဆိုတာ ေစာင့္ၾကည့္ ၾကတာေပါ့။

ဒီႏွစ္ ေဘာလံုး ရာသီကုိေတာ့ ခ်ဲဆီး နဲ႔ အတူ အဆံုးအထိ တိုက္ပြဲ၀င္ သြားမွာ ေသခ်ာပါတယ္ ၊ ဒါျပီးရင္ က်ေနာ့္ ရဲ႕ စာခ်ဳပ္ သက္တမ္းက ၁ ႏွစ္သာ က်န္ေတာ့ တာေလ ။ ဒါေၾကာင့္မို႔ ဘယ္လို အေျခအေနေတြ ေျပာင္းလဲ လာမလဲ ဆုိတာ ဆက္ျပီးေတာ့ ေစာင့္ၾကည့္ၾကတာေပါ့” လို႔ ထုတ္ေဖာ္ ေျပာဆုိ သြားခဲ့ ပါတယ္။

ဆက္လက္ျပီး ဟာဇက္က သူ႔ရဲ႕ အနာဂတ္ နဲ႔ ပတ္သက္ျပီး အျပီးသတ္ ဆံုးျဖတ္ခ်က္ မခ်ရေသးဘူးလို႔ ထပ္မံ အတည္ျပဳ သြားခဲ့သလို ၊ သူ႔ရဲ႕ အနာဂတ္ဟာ ဘာမဆို ျဖစ္သြားႏိုင္တဲ့ အေနအထားေတြ အမ်ားၾကီးပဲလို႔ အခုလို ေျပာဆုိ သြားခဲ့ ပါေသးတယ္။

“ အခု နည္းျပသစ္ ဆာရီဟာ က်ေနာ္ သေဘာက်မိတဲ့ နည္းျပမ်ိဳးပါ ၊ ျပီးေတာ့ မိသားစုကလဲ လန္ဒန္မွာ အေျခက်ေနျပီ ၊ က်ေနာ့္ အသက္ကလဲ 28 ႏွစ္ အထဲထိ ေရာက္လာျပီ ဆိုေတာ့ အာလံုးကို ေသခ်ာ စဥ္းစား ရတယ္ေလ ။ က်ေနာ့္ ကစားသမား ဘစ ရဲ႕ ျဖတ္သန္းပံုနဲ႔ ပတ္သက္ျပီး ေနာင္တ ရမိတာမ်ိဳးေတြ လံုး၀ မျဖစ္ခ်င္ ပါဘူး ။ ဒါေၾကာင့္မို႔ ဆံုးျဖတ္ခ်က္က က်ေနာ္ကိုယ္တိုင္ပဲ အေကာင္းဆံုး ျဖစ္ေအာင္ ခ်မွတ္သြားမွာပါ ၊ ဘယ္အခ်ိန္မွာ အဲဒီ ဆံုးျဖတ္ခ်က္ ထြက္ေပၚလာမလဲ ဆိုတာ မသိေပမယ့္ ၊ မၾကာခင္ေတာ့ ေသခ်ာေပါက္ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္” လို႔ ရင္ဖြင့္ သြားခဲ့ ပါတယ္။

ျပီးခဲ့တဲ့ ရက္ပိုင္း အတြင္းကလဲ မက္ဒရစ္ အေျခစိုက္ ေရဒီယို တစ္ခုက ဟာဇက္ နဲ႔ ရီးရဲ မက္ဒရစ္ တို႔အၾကား အေျပာင္းအေရႊ႕ အတြက္ ကနဦး သေဘာတူညီမႈ အခ်ိဳ႕ ရယူႏိုင္ခဲ့ျပီ ျဖစ္တယ္လို႔ အခိုင္အမာ ေဖာ္ျပထားခဲ့တာ ျဖစ္ျပီး ၊ ကစားသမား ရဲ႕ တန္ဖိုးကို ယူရုိ သန္း 170 သတ္မွတ္ကာ ၊ လက္ရွိ ခ်ဲဆီးကို အငွားနဲ႔ သြားေရာက္ ကစားေနတဲ့ ကိုဗာဆစ္ ကို အေျပာင္းအေရႊ႕ ရဲ႕ အစိတ္အပိုင္း တစ္ခုအျဖစ္ ထည့္သြင္းသြားဖို႔ စပိန္ ကလပ္ဖက္က ျပင္ဆင္ထားတယ္လို႔ ဆိုပါတယ္။

ယခင္ နည္းျပေဟာင္း ဇီဒန္းက သူ ဘာေနဗ်ဴးမွာ ရွိေနစဥ္ အခ်ိန္က ဟာဇက္ကို ေခၚယူေပးဖို႔ ေတာင္းဆိုခဲ့ဖူးေပမယ့္ ၊ အဲဒီ အခ်ိန္က ရိုနာဒို အသင္းမွာ ရွိေနခဲ့တာေၾကာင့္ ၊ သူ႔ရဲ႕ဆႏၵေတြဟာ အေကာင္အထည္ ေပၚလာခဲ့ျခင္း မရွိခဲ့ ပါဘူး။ သို႔ေသာ္ လက္ရွိ အခ်ိန္မွာ ရီးရဲဟာ ရိုနာဒို ရဲ႕ ေနရာကို အစားထိုးဖို႔ ကမၻာ့အဆင့္မီ ကစားသမား တစ္ဦး ေခၚယူဖို႔ ျပင္ဆင္ေနတာ ျဖစ္ျပီး ၊ အေစာပိုင္းမွာ ေနမာ နဲ႔ သတင္းေတြ က်ယ္ေလာင္ခဲ့ေပမယ့္ ၊ ေနာက္ပိုင္းမွာ ဟာဇက္ေပၚကို အားရံုေျပာင္းလာခဲ့ ပါတယ္။

ဟာဇက္ ကေတာ့ ခ်ဲဆီး ရဲ႕ ေနာင္ပိုင္း ေျပာင္းလဲ လာတဲ့ အေျပာင္းအေရႊ႕ မူ၀ါဒ တစ္ခ်ိဳ႕ေၾကာင့္ စာခ်ဳပ္သစ္မွာ လက္မွတ္ထိုးဖို႔ အခုခ်ိန္ထိ စဥ္းစားေနတာ ျဖစ္ျပီး ၊ အကယ္၍ ကြင္းသစ္ အဆင့္ျမွင့္တင္မႈ စီမံကိန္းသာ ျပန္လည္ သက္၀င္လာပါက ၊ ဆုဖလားေတြကို စိန္ေခၚႏိုင္ျခင္း မရွိမွာကို အေလးအနက္ထား ေတြးျပီး စိတ္ပူေနဟန္ ရွိပါတယ္။

ေသခ်ာတာ တစ္ခုက စာခ်ဳပ္ ကုန္ခါနီး ကစားသမား တစ္ေယာက္ကိုယ္တိုင္က အခုလို မၾကာခဏ ထုတ္ေဖာ္ ေျပာဆိုမႈေတြ ျပဳလုပ္ေနတာဟာ ၊ သူ႕ကို ရီးရဲ အေနနဲ႔ ေခၚယူခ်င္တယ္ ဆိုရင္ ကမ္းလွမ္းလို႔ ရေနျပီ ဆိုတာ အခ်က္ျပလိုက္တာပါပဲ။

“ကျနော်က ဇီဒန်း မရှိခင် ကတည်းက ရီးရဲကို သဘောကျ ခဲ့တာပါ” #ဟာဇက်

ချဲဆီး အသင်းရဲ့ တောင်ပံ ကစားသမား ဟာဇက် ကတော့ ရီးရဲ မက်ဒရစ် နဲ့ ပတ်သက်ပြီး နောက်တစ်ကြိမ် ပြောဆိုမှုတွေ ထပ်မံ ပြုလိုက်ပြန်ပြီ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ သူဟာ ဇီဒန်းကြောင့် ရီးရဲကို နှစ်သက်ခဲ့တာ မဟုတ်ပဲ ၊ ဇီဒန်း မရှိခင် ကတည်းက အားပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြင်သစ်က ရေဒီယို RMC သတင်း ဌာန နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး မှာတော့ ဟာဇက်က “ ကျနော့် အကြောင်းကို ပြင်သစ်ကလူတွေက ကောင်းကောင်း သိထားပြီးသားပါ ။ ကျနော်က ဇီဒန်းကြောင့် ရီးရဲကို အားပေးခဲ့တာ မဟုတ်ပါဘူး ၊ အဲဒီ မတိုင်ခင် ကတည်းက သဘောကျ ခဲ့တာပါ ။ ဒါကြောင့် ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့် ကြတာပေါ့။

ဒီနှစ် ဘောလုံး ရာသီကိုတော့ ချဲဆီး နဲ့ အတူ အဆုံးအထိ တိုက်ပွဲဝင် သွားမှာ သေချာပါတယ် ၊ ဒါပြီးရင် ကျနော့် ရဲ့ စာချုပ် သက်တမ်းက ၁ နှစ်သာ ကျန်တော့ တာလေ ။ ဒါကြောင့်မို့ ဘယ်လို အခြေအနေတွေ ပြောင်းလဲ လာမလဲ ဆိုတာ ဆက်ပြီးတော့ စောင့်ကြည့်ကြတာပေါ့” လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။

ဆက်လက်ပြီး ဟာဇက်က သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး အပြီးသတ် ဆုံးဖြတ်ချက် မချရသေးဘူးလို့ ထပ်မံ အတည်ပြု သွားခဲ့သလို ၊ သူ့ရဲ့ အနာဂတ်ဟာ ဘာမဆို ဖြစ်သွားနိုင်တဲ့ အနေအထားတွေ အများကြီးပဲလို့ အခုလို ပြောဆို သွားခဲ့ ပါသေးတယ်။

“ အခု နည်းပြသစ် ဆာရီဟာ ကျနော် သဘောကျမိတဲ့ နည်းပြမျိုးပါ ၊ ပြီးတော့ မိသားစုကလဲ လန်ဒန်မှာ အခြေကျနေပြီ ၊ ကျနော့် အသက်ကလဲ 28 နှစ် အထဲထိ ရောက်လာပြီ ဆိုတော့ အာလုံးကို သေချာ စဉ်းစား ရတယ်လေ ။ ကျနော့် ကစားသမား ဘစ ရဲ့ ဖြတ်သန်းပုံနဲ့ ပတ်သက်ပြီး နောင်တ ရမိတာမျိုးတွေ လုံး၀ မဖြစ်ချင် ပါဘူး ။ ဒါကြောင့်မို့ ဆုံးဖြတ်ချက်က ကျနော်ကိုယ်တိုင်ပဲ အကောင်းဆုံး ဖြစ်အောင် ချမှတ်သွားမှာပါ ၊ ဘယ်အချိန်မှာ အဲဒီ ဆုံးဖြတ်ချက် ထွက်ပေါ်လာမလဲ ဆိုတာ မသိပေမယ့် ၊ မကြာခင်တော့ သေချာပေါက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ ရင်ဖွင့် သွားခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကလဲ မက်ဒရစ် အခြေစိုက် ရေဒီယို တစ်ခုက ဟာဇက် နဲ့ ရီးရဲ မက်ဒရစ် တို့အကြား အပြောင်းအရွှေ့ အတွက် ကနဦး သဘောတူညီမှု အချို့ ရယူနိုင်ခဲ့ပြီ ဖြစ်တယ်လို့ အခိုင်အမာ ဖော်ပြထားခဲ့တာ ဖြစ်ပြီး ၊ ကစားသမား ရဲ့ တန်ဖိုးကို ယူရို သန်း 170 သတ်မှတ်ကာ ၊ လက်ရှိ ချဲဆီးကို အငှားနဲ့ သွားရောက် ကစားနေတဲ့ ကိုဗာဆစ် ကို အပြောင်းအရွှေ့ ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ထည့်သွင်းသွားဖို့ စပိန် ကလပ်ဖက်က ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ယခင် နည်းပြဟောင်း ဇီဒန်းက သူ ဘာနေဗျူးမှာ ရှိနေစဉ် အချိန်က ဟာဇက်ကို ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ဖူးပေမယ့် ၊ အဲဒီ အချိန်က ရိုနာဒို အသင်းမှာ ရှိနေခဲ့တာကြောင့် ၊ သူ့ရဲ့ဆန္ဒတွေဟာ အကောင်အထည် ပေါ်လာခဲ့ခြင်း မရှိခဲ့ ပါဘူး။ သို့သော် လက်ရှိ အချိန်မှာ ရီးရဲဟာ ရိုနာဒို ရဲ့ နေရာကို အစားထိုးဖို့ ကမ္ဘာ့အဆင့်မီ ကစားသမား တစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပြီး ၊ အစောပိုင်းမှာ နေမာ နဲ့ သတင်းတွေ ကျယ်လောင်ခဲ့ပေမယ့် ၊ နောက်ပိုင်းမှာ ဟာဇက်ပေါ်ကို အားရုံပြောင်းလာခဲ့ ပါတယ်။

ဟာဇက် ကတော့ ချဲဆီး ရဲ့ နောင်ပိုင်း ပြောင်းလဲ လာတဲ့ အပြောင်းအရွှေ့ မူဝါဒ တစ်ချို့ကြောင့် စာချုပ်သစ်မှာ လက်မှတ်ထိုးဖို့ အခုချိန်ထိ စဉ်းစားနေတာ ဖြစ်ပြီး ၊ အကယ်၍ ကွင်းသစ် အဆင့်မြှင့်တင်မှု စီမံကိန်းသာ ပြန်လည် သက်ဝင်လာပါက ၊ ဆုဖလားတွေကို စိန်ခေါ်နိုင်ခြင်း မရှိမှာကို အလေးအနက်ထား တွေးပြီး စိတ်ပူနေဟန် ရှိပါတယ်။

သေချာတာ တစ်ခုက စာချုပ် ကုန်ခါနီး ကစားသမား တစ်ယောက်ကိုယ်တိုင်က အခုလို မကြာခဏ ထုတ်ဖော် ပြောဆိုမှုတွေ ပြုလုပ်နေတာဟာ ၊ သူ့ကို ရီးရဲ အနေနဲ့ ခေါ်ယူချင်တယ် ဆိုရင် ကမ်းလှမ်းလို့ ရနေပြီ ဆိုတာ အချက်ပြလိုက်တာပါပဲ။