ဒီလိုဖြေရင် ဖြတ်လိုက်ပါ..

0
1433

(For Zawgyi)











မင်းထက်နေနိုင်

(For Unicode)

မင်း စော်ကို မေးကြည့်လိုက်..
ဘဝမှာ အရေးကြီးဆုံးက ဘာလဲလို့..

ပိုက်ဆံလို့ ဖြေရင် အဲ့စော်ကို ဖြတ်လိုက်တော့
မင်းထက် ပိုက်ဆံရှိတဲ့ ကောင်နဲ့ တွေ့ရင်
မင်းကို ထားပြီး အဲ့ကောင်နောက် လိုက်သွားလိမ့်မယ်..

မိဘလို့ ဖြေရင်လဲ အဲ့စော်ကို ဖြတ်လိုက်တော့..

သူ့ဘဝမှာ မင်းဟာ သူ့မိဘတွေလောက် အရေး မပါဘူး..
မင်းကို ချစ်တာ မင်းကို ယူတာဟာ
သူ့မိဘတွေ အတွက်တောင် ဖြစ်နေနိုင်တယ်..

အလုပ်လို့ ဖြေရင်လဲ အဲ့စော်ကို ဖြတ်လိုက်…

မင်းဟာ သူ့ အလုပ်လောက် အရေးကြီးမှာ မဟုတ်ဘူး

ဘာမှ အရေးမကြီးဘူး လို့ ဖြေရင်လဲ ဖြတ်လိုက်တော့…

အဲ့စော်ဟာ ရည်မှန်းချက် မရှိတဲ့ ပေါ့ပျက်ပျက် မိန်းမ..
ဒါမှမဟုတ် တရားပေါက် သလိုလိုနဲ့
ဒဿနရူး ရူးနေတဲ့ မိန်းမပဲ..

မင်းက အရေးကြီးဆုံးပဲ လို့ ဖြေရင်လည်း ဖြတ်လိုက်ပါ…

အဲ့မိန်းမ လိမ်နေတာ မို့ပဲ..
မင်း မရှိရင်လည်း တစ်ခြား တစ်ယောက်ကို သူ အဲ့လို ပြောမှာပဲ..

မင်းထက်နေနိုင်