စည္းကမ္းေဖာက္မိလို႔ အျဖတ္ခံလိုက္ရတဲ့ ခ်လန္စာရြက္ကို ဘယ္ေလာက္ၾကာၾကာထိ မေရြးဘဲ ကိုင္ထားႏိုင္သလဲ

0
180

(Zawgyi)

စည္းကမ္းေဖာက္မိလို႔ အျဖတ္ခံလိုက္ရတဲ့ ခ်လန္စာရြက္ကို ဘယ္ေလာက္ၾကာၾကာထိ မေရြးဘဲ ကိုင္ထားႏိုင္သလဲ

အျဖတ္ခံလိုက္ရေသာ ခ်လန္စာရြက္အား ဘယ္ေလာက္ ၾကာၾကာထိ မေရြးဘဲ ကိုင္ထားႏိုင္ပါသလဲ

ယာဥ္စည္းကမ္း လမ္းစည္းကမ္း ခ်ိဳးေဖါက္ မိလို႔ ခ်လန္ အျဖတ္ ခံလိုက္ ရတယ္ ဆိုရင္ အဲ႔ဒီ ခ်လန္ကို သြား မေရြးဘဲ ဘယ္ေလာက္ ၾကာၾကာ ကိုင္ထားလို႔ ရသလဲ ဆိုတာ သိပါသလား

ခ်လန္ စာရြက္မွာ ဘယ္ႏွစ္ရက္ အတြင္း ဘယ္အခ်ိန္မွာ ဘယ္ရံုးကို လာေရြး ယူဖို႔ ရက္စြဲ အခ်ိန္ ေနရာေတြ ပါ ပါလိမ့္မယ္ ။ အဲ႔ဒီ အခ်ိန္အတြင္း မွာဘဲ ေရြးယူ ၾကတာ မ်ားၾကေပမဲ႔ တခ်ိဳ႕ကေတာ့ မအားတာ ခရီး ထြက္သြားတာ ေငြေၾကး အဆင္ မေျပ တာေၾကာင့္ သတ္မွတ္ရက္ အတြင္း ျပန္လည္ ေရြးမယူႏိုင္ ခဲ႔ ပါဘူး ။

အဲ႔ဒီလို သတ္မွတ္ရက္ အတြင္း ျပန္လည္ ေရြးမယူႏိုင္လို႔ ဒဏ္ေၾကး ပိုမ်ားလာ မလား လို႔ တခ်ိဳ႕က ေမးၾကတယ္ ။ မမ်ားပါဘူ ဒါဒါ ပါပဲ ။

ဒီေတာ့ ခ်လန္ ျဖတ္ခံ ထားရတယ္ ဆိုရင္ အဲ႔ဒီ ခ်လန္နဲ႔ ယာဥ္ေမာင္းႏွင္ခြင့္ မရွိတာက လြဲလို႔ အဆင္ေျပတဲ႔ အခ်ိန္မွ သြားေရာက္ ေရြးယူႏိုင္ ပါတယ္ ။

တလ တႏွစ္ ငါးႏွစ္ ဘယ္ေလာက္ ၾကာမွ ေရြးေရြး ရပါတယ္ ။
အဲ႔ေလာက္ၾကာမွ ေရြးလဲ ဒဏ္ေၾကးက တိုးမသြားပါဘူး ။
လာမေရြးလို႔ ကညနမွာ ပိတ္သိမ္း ခံထားရလည္း ေရြးတဲ႔ အခ်ိန္မွာ ေျပာစာ ရတာမို႔ အဲ႔ဒီေျပစာနဲ႔ ေျဖရွင္းလို႔ ရပါတယ္ ။

အျဖတ္ ခံထားရတဲ႔ ခ်လန္ကို အၾကားႀကီး ကိုင္းမထားလို ၾကေပမဲ႔ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ အခ်ိန္ကာလ ၾကာၾကာ မေရြးျဖစ္ၾက သူတို႔ အတြက္ ဗဟုသုတ အလို႔ငွာ ေဖာ္ျပ ေပးလိုက္ျခင္း ျဖစ္ပါတယ္။

ဒုရဲအုပ္ေဌးလြင္ (ခ) ေနမ်ိဳးသူရ
(17.1.2019)
Photo crd

(Unicode)

စည်းကမ်းဖောက်မိလို့ အဖြတ်ခံလိုက်ရတဲ့ ချလန်စာရွက်ကို ဘယ်လောက်ကြာကြာထိ မရွေးဘဲ ကိုင်ထားနိုင်သလဲ

အဖြတ်ခံလိုက်ရသော ချလန်စာရွက်အား ဘယ်လောက် ကြာကြာထိ မရွေးဘဲ ကိုင်ထားနိုင်ပါသလဲ

ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖေါက် မိလို့ ချလန် အဖြတ် ခံလိုက် ရတယ် ဆိုရင် အဲ့ဒီ ချလန်ကို သွား မရွေးဘဲ ဘယ်လောက် ကြာကြာ ကိုင်ထားလို့ ရသလဲ ဆိုတာ သိပါသလား

ချလန် စာရွက်မှာ ဘယ်နှစ်ရက် အတွင်း ဘယ်အချိန်မှာ ဘယ်ရုံးကို လာရွေး ယူဖို့ ရက်စွဲ အချိန် နေရာတွေ ပါ ပါလိမ့်မယ် ။ အဲ့ဒီ အချိန်အတွင်း မှာဘဲ ရွေးယူ ကြတာ များကြပေမဲ့ တချို့ကတော့ မအားတာ ခရီး ထွက်သွားတာ ငွေကြေး အဆင် မပြေ တာကြောင့် သတ်မှတ်ရက် အတွင်း ပြန်လည် ရွေးမယူနိုင် ခဲ့ ပါဘူး ။

အဲ့ဒီလို သတ်မှတ်ရက် အတွင်း ပြန်လည် ရွေးမယူနိုင်လို့ ဒဏ်ကြေး ပိုများလာ မလား လို့ တချို့က မေးကြတယ် ။ မများပါဘူ ဒါဒါ ပါပဲ ။

ဒီတော့ ချလန် ဖြတ်ခံ ထားရတယ် ဆိုရင် အဲ့ဒီ ချလန်နဲ့ ယာဉ်မောင်းနှင်ခွင့် မရှိတာက လွဲလို့ အဆင်ပြေတဲ့ အချိန်မှ သွားရောက် ရွေးယူနိုင် ပါတယ် ။

တလ တနှစ် ငါးနှစ် ဘယ်လောက် ကြာမှ ရွေးရွေး ရပါတယ် ။
အဲ့လောက်ကြာမှ ရွေးလဲ ဒဏ်ကြေးက တိုးမသွားပါဘူး ။
လာမရွေးလို့ ကညနမှာ ပိတ်သိမ်း ခံထားရလည်း ရွေးတဲ့ အချိန်မှာ ပြောစာ ရတာမို့ အဲ့ဒီပြေစာနဲ့ ဖြေရှင်းလို့ ရပါတယ် ။

အဖြတ် ခံထားရတဲ့ ချလန်ကို အကြားကြီး ကိုင်းမထားလို ကြပေမဲ့ အကြောင်း အမျိုးမျိုးကြောင့် အချိန်ကာလ ကြာကြာ မရွေးဖြစ်ကြ သူတို့ အတွက် ဗဟုသုတ အလို့ငှာ ဖော်ပြ ပေးလိုက်ခြင်း ဖြစ်ပါတယ်။

ဒုရဲအုပ်ဌေးလွင် (ခ) နေမျိုးသူရ
(17.1.2019)
Photo crd