ေယာက္က်ားဆိုတာ မယုတ္မာဖို႔ပဲ လိုတယ္

0
3324

(Zawgyi)

ေယာက္က်ားဆိုတာ မယုတ္မာဖို႔ပဲ လိုတယ္

မိန္းကေလး တေယာက္ရဲ့ တင္ ရင္ေတြ ၾကည့္ျပီး
အပ်ိဳစစ္လား မစစ္လား ေဝဖန္တဲ့ တခ်ိဳ႕ေကာင္ေတြ
မင္းတို႔ေရာ လူမ်ိဳး စစ္ရဲ့ လား ?

ရမလား စမ္းတာ ေယာက္်ား သဘာဝ လို ့ မေျပာပါနဲ ့
အဲ့ဒီ စကား တစ္ခြန္း ေၾကာင့္ မိန္းကေလးေပါင္း မ်ားစြားရဲ ့
အရွက္ သိကၡာ နစ္နာမႈေတြ ဘယ္ေလာက္ မ်ားျပီလဲ
ကိုယ္ခ်င္း စာမိရဲ့ လား ?

အိုင္ေတြ႔ ေျခေဆးမယ္ ဆိုကတည္းက
ကိုယ့္ ေျခေထာက္က နဂိုကတည္းက
မသန္႔လို႔ ပဲ ဆိုတာ သိထားပါ။

ကိုယ့္ကိုကမွ ႏွမခ်င္း စာနာတတ္တဲ့ စိတ္ မရွိရင္
ေခြးထက္ ယုတ္ညံ့ သြားလိမ့္မယ္

Tattoo ထိုးမွ ေယာက္်ား ပီသတယ္ ထင္ေနလား
ေဆးလိပ္ ၊ အရက္ ေသာက္မွ ေယာက္်ား ပီသတယ္ ထင္ေနလား
ဗလ ေတာင့္မွ ေယာက္်ား ပီသတယ္ ထင္ေနလား
ေနာက္ဆံုး
စစ္တပ္ ထဲ ဝင္မွ ေယာက္်ား ပီသတယ္ ထင္ေနလား

တကယ္တမ္း ေတာ့ ေယာက္်ား ပီသဖို႔က
သူမ်ား သားသမီးကို မယုတ္မာဖို႔ပဲ လိုတာပါ။

မင္းသာ ေယာက္်ားေကာင္း ဆိုရင္
ကိုယ္ခ်စ္တဲ့ မိန္းကေလး တေယာက္ကို
ဘဝ တခု တည္ေဆာက္ဖို႔ အတြက္
မင္း ေခၚသြားဖို႔ ႀကိဳးစားေနတဲ့ တည္းခိုခန္း အစား
မဂၤလာ ခန္းမထဲ ေျပာင္းေခၚခဲ့ လိုက္ပါ ။

မင္းသာ ေယာက္်ားေကာင္း ဆိုရင္
အခ်စ္တခု ဗန္းျပျပီး သူ႔အဝတ္အစားေတြ ခြၽတ္ေနတဲ့
မင္းလက္ကို ရပ္လိုက္ပါ ။

မိန္းကေလး တေယာက္ရဲ့ အခ်စ္နဲ ့ ဘဝကို
ေစာ္ကားဖို႔ ႀကိဳးစားေတာ့မယ္ ဆိုရင္
အရင္ဆံုး
ကိုယ့္အေမ ကိုယ့္ အစ္မ ႏွမကို ေျပးျမင္ၾကည့္ လိုက္ပါ ။

ေယာက္်ား တေယာက္
ႀကိဳက္သေလာက္ မိုက္လို႔ ရတယ္
ဘယ္ေတာ့မွ မယုတ္မာနဲ႔ ။

ThuThuHein

(Unicode)

ယောက်ကျားဆိုတာ မယုတ်မာဖို့ပဲ လိုတယ်

မိန်းကလေး တယောက်ရဲ့ တင် ရင်တွေ ကြည့်ပြီး
အပျိုစစ်လား မစစ်လား ဝေဖန်တဲ့ တချို့ကောင်တွေ
မင်းတို့ရော လူမျိုး စစ်ရဲ့ လား ?

ရမလား စမ်းတာ ယောက်ျား သဘာဝ လို့ မပြောပါနဲ့
အဲ့ဒီ စကား တစ်ခွန်း ကြောင့် မိန်းကလေးပေါင်း များစွားရဲ့
အရှက် သိက္ခာ နစ်နာမှုတွေ ဘယ်လောက် များပြီလဲ
ကိုယ်ချင်း စာမိရဲ့ လား ?

အိုင်တွေ့ ခြေဆေးမယ် ဆိုကတည်းက
ကိုယ့် ခြေထောက်က နဂိုကတည်းက
မသန့်လို့ ပဲ ဆိုတာ သိထားပါ။

ကိုယ့်ကိုကမှ နှမချင်း စာနာတတ်တဲ့ စိတ် မရှိရင်
ခွေးထက် ယုတ်ညံ့ သွားလိမ့်မယ်

Tattoo ထိုးမှ ယောက်ျား ပီသတယ် ထင်နေလား
ဆေးလိပ် ၊ အရက် သောက်မှ ယောက်ျား ပီသတယ် ထင်နေလား
ဗလ တောင့်မှ ယောက်ျား ပီသတယ် ထင်နေလား
နောက်ဆုံး
စစ်တပ် ထဲ ဝင်မှ ယောက်ျား ပီသတယ် ထင်နေလား

တကယ်တမ်း တော့ ယောက်ျား ပီသဖို့က
သူများ သားသမီးကို မယုတ်မာဖို့ပဲ လိုတာပါ။

မင်းသာ ယောက်ျားကောင်း ဆိုရင်
ကိုယ်ချစ်တဲ့ မိန်းကလေး တယောက်ကို
ဘဝ တခု တည်ဆောက်ဖို့ အတွက်
မင်း ခေါ်သွားဖို့ ကြိုးစားနေတဲ့ တည်းခိုခန်း အစား
မင်္ဂလာ ခန်းမထဲ ပြောင်းခေါ်ခဲ့ လိုက်ပါ ။

မင်းသာ ယောက်ျားကောင်း ဆိုရင်
အချစ်တခု ဗန်းပြပြီး သူ့အဝတ်အစားတွေ ချွတ်နေတဲ့
မင်းလက်ကို ရပ်လိုက်ပါ ။

မိန်းကလေး တယောက်ရဲ့ အချစ်နဲ့ ဘဝကို
စော်ကားဖို့ ကြိုးစားတော့မယ် ဆိုရင်
အရင်ဆုံး
ကိုယ့်အမေ ကိုယ့် အစ်မ နှမကို ပြေးမြင်ကြည့် လိုက်ပါ ။

ယောက်ျား တယောက်
ကြိုက်သလောက် မိုက်လို့ ရတယ်
ဘယ်တော့မှ မယုတ်မာနဲ့ ။

ThuThuHein